Local News

တောင်ကြီးမြို့၌ အသေးစားဒေသထွက်ကုန်ပြပွဲ ကျင်းပပြုလုပ်ခြင်း

Last Updated:

တောင်ကြီးမြို့၌ အသေးစားဒေသထွက်ကုန်ပြပွဲ ကျင်းပပြုလုပ်ခြင်း

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI)၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျင်းပသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားတွင် ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနမှ ပူးပေါင်းပါဝင်ပြီး၊ အသေးစားဒေသထွက်ကုန်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များ၊ သင်တန်းအသီးသီးမှ သင်တန်းသား/သူ (၁၅၀)ဦးခန့် တက်ရောက်ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် အသေးစားဒေသထွက်ကုန်ပြပွဲတွင် ပြသထားသည့် ဒေသထုတ်ကုန်ပြခန်းများကို ကြည့်ရှု့၍ လက်ရှိထုတ်လုပ်မှု အခြေအနေ၊ ဈေးကွက်အခြေအနေများနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန် လိုအပ်ချက်များကို လုပ်ငန်းရှင်များအား ဆွေးနွေးမေးမြန်းခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှလည်း ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပြခန်းများသို့ လေ့လာကြည့်ရှု့ခဲ့ ကြသည်။အဆိုပါအသေးစားဒေသထွက်ကုန်ပြပွဲ၌ ရှမ်းပြည်နယ် ထွက်ကုန်များဖြစ်သည့် ထောပတ်သီး တန်ဖိုးမြှင့်အလှကုန်များ၊ ကော်ဖီ၊ လက်ဖက်ထုတ်ကုန်များ၊ ဝါးလက်မှုပစ္စည်းများ၊ ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် တိုင်းရင်းဆေး ကုန်ကြမ်းထုတ်ကုန်များနှင့် ဟင်းသီးဟင်းရွက် အခြောက်ခံထုတ်ကုန်များ၊ ကွမ်းသီးဖတ်တခါသုံး ပန်းကန်ပြား ထုတ်ကုန်များနှင့် သဘာဝ ဓာတ်မြေဩဇာ ထုတ်ကုန်များစသည့် လုပ်ငန်းရှင် ပြခန်း(၆)ခန်းနှင့် ဌာနမှ ပြခန်း(၂)ခန်း စုစုပေါင်းပြခန်း(၈)ခန်းဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

 

Category: Local News